ပြည်ပရောက် လုပ်သားများနဲ့ လစာ ၂၅% စစ်အုပ်စုဖိအား
From A Time With Kyaw Kyaw Thein · 00:15:56
Show by Kyaw Kyaw Thein
"စစ်အုပ်စု ဖိအားတွေကြား အခက်တွေ့နေတဲ့ ပြည်ပ မြန်မာလုပ်သားများနဲ့ လစာ ၂၅%"ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ လစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ တရားဝင် ငွေလွှဲလမ်းကြောင်းကနေ ပို့ရမယ်ဆိုတာက ဘာတွေ နစ်နာနိုင်စရာ ရှိပါသလဲ? မပို့နိုင်ရင် ဘာတွေ ကြုံတွေ့ရနိုင်ပါသလဲ? အလုပ်အကိုင်နဲ့ မိသားစု စားဝတ်နေရေးအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ?စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ်လကတည်းက ထုတ်ပြန်ထားတဲ့ ငွေလွှဲသတ်မှတ်ချက်ကို ၂၀၂၆ အောက်တိုဘာလမှာ ပြည်ပ အလုပ်ပြန်ထွက်မယ့်သူတွေ ပေးရမယ့် အထောက်အထားတခုအဖြစ် သတ်မှတ်လိုက်ပါတယ်။ဒီနေ့ A Time With Kyaw Kyaw Thein Season 2, Episode 7 မှာ—• ထိုင်းနဲ့ မလေးရှားရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅% ဟာ ဘယ်လောက်ပမာဏ ရှိနိုင်သလဲ?• တရားဝင် ငွေလွှဲလမ်းကြောင်းနဲ့ ပြင်ပ ငွေလဲနှုန်း ကွာခြားမှုကြောင့် မိသားစုတွေရဲ့ လက်ထဲရောက်မယ့်ငွေ ဘယ်လောက်ကွာနိုင်သလဲ?• နိုင်ငံခြားငွေတွေကို တရားဝင်ဘဏ်စနစ်ထဲ ရောက်အောင်လုပ်တာက စစ်အုပ်စုအတွက် ဘယ်လို အကျိုးရှိနိုင်သလဲ?• ငွေလွှဲအထောက်အထား မပြနိုင်သူတွေ အလုပ်ပြန်ထွက်ခွင့်နဲ့ အလုပ်အကိုင်အပေါ် ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရနိုင်သလဲ? ဆိုတာတွေကို သတင်းအချက်အလက်တွေနဲ့အတူ ဆွေးနွေးထားပါတယ်။ကိုယ်တိုင်ရဲ့ အမြင်နဲ့ အတွေ့အကြုံတွေကို Comment မှာ မျှဝေဆွေးနွေးနိုင်ပါတယ်။အစီအစဥ်ကို နှစ်သက်တယ်ဆိုရင် ဗီဒီယိုကို Like, Share နဲ့ Subscribe လုပ်ပေးဖို့ ပန်ကြားပါတယ်။#migrants #remittance #thailand #malaysia #myanmar အဖွင့်စကား - 00:00 - 00:18အဖွင့်တီးလုံး - 00:18 - 00:29နှုတ်ခွန်းဆက် - 00:29 - 00:53ဒီနေ့ ပြောစရာ - 00:58 -02:19ခဏရပ်ပြီး စဥ်းစားကြည့်ရအောင် - 02:25 - 13:14သတိပြုရမယ့် စကားတခွန်း - 13:14 - 14:46အဆုံးမသတ်ခင် မေးခွန်းတခု - 14:51 - 15:27နိဂုံး - 15:27 - 15:56ဒီပလက်ဖောင်းတွေမှာလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။YouTube: @ATimeWithKyawKyawTheinApple Podcast: https://podcasts.apple.com/us/podcast/a-time-with-kyaw-kyaw-thein/id6817322004Facebook: https://www.facebook.com/profile.php?id=6157795689746 TikTok: https://www.tiktok.com/@atimewithkyawkyawthein
More episodes of A Time With Kyaw Kyaw Thein
More episodes
- “မြန်မာဆိုင်ရာ ကန်ဗျူဟာသစ် ဘယ်သူတွေ ဘာရမှာလဲ?”
- ရန်ကုန်လူငယ်တွေ အနာဂတ်ကို ဘယ်လိုမြင်နေကြသလဲ?
- ကျောက်တော် ဗုံးကျဲမှု ရှုတ်ချရုံနဲ့ လုံလောက်ပြီလား?
- ဂါးဒီးယန်းဆောင်းပါးပါ AA အပေါ် စွပ်စွဲချက်များ
- "ဘေးရန်ကင်းစွာ တော်လှန်ကြဖို့"
- မီးပေးမယ့် အချိန်ဇယားတော့ ရှိပါရဲ့၊ အဲဒီအချိန်မှာ မီးတကယ်လာမယ်လို့ ဘယ်သူက အာမခံမှာလဲ?
- မင်းအောင်လှိုင်နဲ့ မလေးရှား ဘယ်သူက ဘာရသလဲ? မြန်မာလူထုကရော?
- “အမေရိကန်နဲ့ စစ်အုပ်စုဆက်ဆံရေး ဘာလဲ ဘယ်လဲ?”
- ကိုးကန့် သေဒဏ်ထပ်ထိပြီ ကရင်ဘက် ဘယ်သူနှိမ်မလဲ?
- "စစ်အုပ်စုချေးငွေနဲ့ လူထုစားဝတ်နေရေး"
PodSearch is a free, independent podcast search engine. Read about PodSearch, the privacy policy or contact us.