စစ်သားသစ်စုဆောင်းရေးကနေ လူဖမ်းရောင်းစားတဲ့ဈေးကွက်

From A Time With Kyaw Kyaw Thein · 00:13:10

Show by Kyaw Kyaw Thein

လူဖမ်းရောင်းစားတဲ့ဈေးကွက် ဖြစ်လာတဲ့ အဓမ္မစစ်သားသစ်စုဆောင်းမှုအောက်တိုဘာ ၁၉၊ ၂၀၂၆အလုပ်ရမယ်ဆိုလို့ လိုက်သွားရာကနေ စစ်သားသစ်အဖြစ် ရောင်းစားခံရတယ်ဆိုတဲ့ လူငယ်တွေ၊ မိသားစုဝင်ပြန်လွတ်ဖို့ ငွေကြေးအမြောက်အမြား တောင်းခံရတဲ့ မိသားစုတွေ၊ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအဆက်အစပ်တွေ ရှိနေပါသလဲ?A Time With Kyaw Kyaw Thein ရဲ့ Season 2၊ Episode 6 မှာ စစ်သားသစ်လိုအပ်ချက်၊ လူသစ်စုဆောင်းပေးဖို့ အတင်း ဖိအားနဲ့ ငွေကြေးအကျိုးစီးပွားတွေကြား လူဖမ်းရောင်းစားတဲ့ လမ်းကြောင်း ဘယ်လိုပေါ်လာသလဲဆိုတာ သတင်းဖော်ပြချက်တွေကို အခြေခံပြီး ဆွေးနွေးထားပါတယ်။လူဖမ်းသူနဲ့ ပွဲစားတွေအပြင် စာရွက်စာတမ်း စီစဉ်ပေးသူကနေ စစ်သားသစ်အဖြစ် လက်ခံသူအထိ ဘယ်အဆင့်မှာ ဘယ်သူတွေ တာဝန်ခံဖို့လိုသလဲ? နစ်နာသူတွေနဲ့ မိသားစုတွေအတွက် ဘယ်လိုအဖြေ၊ ဘယ်လိုကုစားမှု ရှိသင့်သလဲ?လူတယောက်ကို စစ်သားသစ်အဖြစ် လက်ခံနိုင်တဲ့ အာဏာရှိသူတွေက အဲဒီလူ ဘယ်လိုရောက်လာသလဲ ဆိုတာအတွက် တာဝန်မခံရဘူးဆိုရင် ဒီ လူဖမ်းရောင်းစားမှုကွင်းဆက် ဘယ်လိုရပ်သွားမှာလဲ?ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ၊ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ၊ နောက်ဆုံး မိသားစု ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ အလားတူ တွေ့ကြုံခဲ့ရ တွေ့ကြုံနေရတယ်ဆိုရင် ကိုယ် ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြဖို့မလိုပဲ မျှဝေပေးပါခင်ဗျာ။အစီအစဥ်ကို နှစ်သက်တယ်ဆိုရင် ဗီဒီယိုကို Like, Share နဲ့ Subscribe လုပ်ပေးဖို့ ပန်ကြားပါတယ်။#conscription #ransom #myanmarmilitary #forcereruitment #myanmar Timestampsအဖွင့်စကား - 00:00 - 00:29အဖွင့်တီးလုံး - 00:29 - 00:39နှုတ်ခွန်းဆက် - 00:39 - 01:12ဒီနေ့ ပြောစရာ - 01:12 -05:48ခဏရပ်ပြီး စဥ်းစားကြည့်ရအောင် - 05:54 - 09:28သတိပြုရမယ့် စကားတခွန်း - 09:33 - 11:31အဆုံးမသတ်ခင် မေးခွန်းတခု - 11:37 - 12:42နိဂုံး - 12:42 - 13:22ဒီပလက်ဖောင်းတွေမှာလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။YouTube: @ATimeWithKyawKyawTheinApple Podcast: https://podcasts.apple.com/us/podcast/a-time-with-kyaw-kyaw-thein/id6817322004Facebook: https://www.facebook.com/profile.php?id=6157795689746 TikTok: https://www.tiktok.com/@atimewithkyawkyawthein

More episodes of A Time With Kyaw Kyaw Thein

More episodes

PodSearch is a free, independent podcast search engine. Read about PodSearch, the privacy policy or contact us.