စစ်အုပ်စုပေါ် လူထုအနာ ချေလို့ရနိုင်ပါဦးမလား?

From A Time With Kyaw Kyaw Thein · 00:19:31

Show by Kyaw Kyaw Thein

စစ်အုပ်စုကြောင့် ထိခိုက်နစ်နာရတဲ့ လူထုရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အနာတွေ ကျေနိုင်ပါဦးမလား?၂၀၂၆ နိုဝင်ဘာ ၉ ရက် A Time With Kyaw Kyaw Thein · Season 2 · Episode 15စစ်အုပ်စုရဲ့ တိုက်ခိုက်မှု၊ ဖမ်းဆီးမှုနဲ့ ဖျက်ဆီးမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေ၊ မိသားစု ကွဲကွာရသူတွေ၊ အိုးအိမ်နဲ့ အသက်မွေးဝမ်းကျောင်း ပျက်စီးရသူတွေ နေ့စဉ် ထပ်တိုးနေပါတယ်။ ထိခိုက်နစ်နာခဲ့သူတွေကို “ပြီးခဲ့တာတွေ ပြီးပါစေတော့” လို့ ပြောလိုက်ရုံနဲ့ ပြီးသွားမှာပါလား?ဒီအစီအစဉ်မှာ လတ်တလော အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကနေ အာဏာသိမ်းပြီးနောက် လူထုကြုံနေရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စားဝတ်နေရေး ဒုက္ခတွေအထိ အချက်အလက်တွေနဲ့ ဆက်စပ်ဆွေးနွေးထားပါတယ်။• လူထုကို နောက်ထပ် မထိခိုက်အောင် ဘယ်လို ကာကွယ်မလဲ? • ကျူးလွန်သူတွေ တာဝန်ယူရေးနဲ့ နစ်နာသူတွေ ဘဝပြန်တည်ဆောက်ရေး ဘာကြောင့် တွဲလုပ်ဖို့လိုသလဲ? • နစ်နာသူတွေကို ကျေအေးဖို့ ဘယ်သူ့မှာ ဆုံးဖြတ်ပေးပိုင်ခွင့် ရှိသလဲ? • တော်လှန်ရေးအဖွဲ့တွေ၊ အကူအညီပေးသူတွေနဲ့ နိုင်ငံရေးဦးဆောင်သူတွေ ဒီနေ့ကတည်းက ဘာလုပ်နိုင်သလဲ?စစ်အုပ်စုကြောင့် ထိခိုက်နာကျင်ခဲ့ရသူတွေရဲ့ ဘဝမှာ ဘယ်လိုအပြောင်းအလဲကို မြင်ရမှ လူထုအနာ ပြေလျော့နိုင်မယ့် လမ်းစပေါ်ပြီလို့ ပြောနိုင်မယ်ထင်ပါသလဲ? ပရိသတ်တွေရဲ့ အမြင်ကို မျှဝေပေးပါခင်ဗျာ။(မှတ်ချက် - Thumbnail ပုံဟာ AI နဲ့ ဖန်တီးထားတဲ့ သရုပ်ဖော်ပုံဖြစ်ပြီး ဖြစ်ရပ်တခုရဲ့ မှတ်တမ်းဓာတ်ပုံ မဟုတ်ပါဘူး။)အစီအစဥ်ကို နှစ်သက်တယ်ဆိုရင် ဗီဒီယိုကို Like, Share နဲ့ Subscribe လုပ်ပေးဖို့ ပန်ကြားပါတယ်။#militarycoup #justice #moveforward #pain #myanmarTimestampsအဖွင့်စကား - 00:00 - 00:46အဖွင့်တီးလုံး - 00:46 - 00:57နှုတ်ခွန်းဆက် - 00:57 - 01:43ဒီနေ့ ပြောစရာ (နောက်ထပ် နာကျင်မှု) - 01:48 -03:12သတင်းနောက်က ဘဝ - 03:17 - 04:27ခဏရပ်ပြီး စဥ်းစားကြည့်ရအောင် (ငါးနှစ်ကျော်ရဲ့ အနာ) - 04:32 - 06:32စားဝတ်နေရေးပါ ပျက် - 06:37 - 07:56စိတ်ထဲက အနာ - 08:02 - 09:42ဒဏ်ရာ ထပ်မရဖို့ - 09:47 - 10:21ဖြစ်ခဲ့တာကို အသိအမှတ်ပြု - 10:27 - 11:26အနာချေဖို့ ဘယ်သူဆုံးဖြတ်မလဲ? - 11:31 - 12:59ဘဝပြန်စနိုင်ဖို့ - 13:04 - 14:02တာဝန်ရှိသူကို ခွဲဖို့ - 14:07 - 15:30ဒီနေ့ ဘာလုပ်နိုင်မလဲ? - 15:35 - 17:09သတိပြုသင့်တဲ့ စကားတခွန်း (‘ဘဝပျက်ခဲ့သူတွေ ရှိတယ်’) - 17:14 - 18:11အဆုံးမသတ်ခင် မေးခွန်းတခု - 18:16 - 19:02နိဂုံး - 19:03 - 19:31ဒီပလက်ဖောင်းတွေမှာလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။YouTube: @ATimeWithKyawKyawTheinApple Podcast: https://podcasts.apple.com/us/podcast/a-time-with-kyaw-kyaw-thein/id6817322004Facebook: https://www.facebook.com/profile.php?id=6157795689746 TikTok: https://www.tiktok.com/@atimewithkyawkyawthein

More episodes of A Time With Kyaw Kyaw Thein

More episodes

PodSearch is a free, independent podcast search engine. Read about PodSearch, the privacy policy or contact us.