EP007: အထီးကျန်နှစ်တစ်ရာ

From ၁၄၅/၅၀၅ ထောင်မှတ်စု · 00:14:10

Show by Burma Podcast Network

နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ၏ ဂုဏ်ကိုမရှုစိမ့်သော လက်ပါးစေများသည် အကျဉ်းထောင်တွင်း အကျဉ်းထပ်ချသော တိုက်ပိတ်ခြင်းကို လက်နက်သဖွယ်သုံးကြလေ့ရှိသည်။ တိုက်ပိတ်ခံရသည့် ဇာတ်လမ်းပေါင်းများစွာ ရေးကြ၊ ပြောကြသည်။ သို့သော်ထိုဇာတ်လမ်းများက မကုန်သွားပါ။ ကောင်းသည့်ကိစ္စမဟုတ်သော်လည်း ဇာတ်လမ်းတိုင်းမှာ ရိုးအီသွားသည်မရှိ။ တစ်ယောက်တစ်ဇာတ်လမ်း၊ ရှုမြင်ပုံတစ်မျိုးစီ၊ ဖြတ်သန်းပုံတစ်ဖုံစီသာရှိသည်။ အကြောင်းရင်းမှာ စစ်အာဏာရှင်လူတစ်စု၏ ဒီပုံဒီနည်း ဒီယုတ်မာပုံအတိုင်း မပြောင်းလဲခြင်းက အဓိကကျသည်။ စာရေးဆရာကိုယ်တွေ့ဖြတ်သန်းခဲ့ရသော ထောင်မှတ်စုကို အပိုင်း ၆ အထိ ကိုမင်းခေါင်ပြောပြပြီးပါပြီ။ ယခင်အပိုင်းမှာ စာခိုးပို့ခြင်း မိသွားသဖြင့် တိုက်ပိတ်ခံရကာ ရုပ်ပိုင်းစိတ်ပိုင်းညှင်းဆဲမှုများ ခံရသည်။ ယခုအပိုင်းမှာတော့ တိုက်ပိတ်ခံကာလအတွင်း စာရေးသူဖြတ်သန်းခဲ့သော ရှု့ထောင့်ကို နားဆင်ကြရပါမည်။ နားဆင်ရင်း မတူညီသောခေတ်၊ မတူညီသောဇာတ်လမ်းများထဲက သူ၏ ယုံကြည်ချက်ရော၊ အနုပညာဘဝကိုပါ ဘွင်းဘွင်းကြီး မြင်ယောင်ကြပါလိမ့်မည်။ဇာတ်ညွှန်း - MYPဇာတ်ကြောင်းပြော - မင်းခေါင်Illustration by WoohProduced by Burma Podcast NetworkBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠⁠⁠https://linktr.ee/burmapodcastnetwork⁠

More episodes of ၁၄၅/၅၀၅ ထောင်မှတ်စု

More episodes

PodSearch is a free, independent podcast search engine. Read about PodSearch, the privacy policy or contact us.